Cherry Myitta Foundation

ချယ်ရီမေတ္တာဖောင်ဒေးရှင်၏ နောက်ခံသမိုင်းအကျဉ်း

( ၂၀၀၈)ခုနှစ်တွင် မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသသို့ နာဂစ်အမည်ဖြင့် သမိုင်း တင်လောက်သည့် မုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခိုက် ဖျက်ဆီးခဲ့ပါသည်။ ထိုမုန်တိုင်း ကြောင့် သိန်းပေါင်းများစွာသောပြည်သူများ အတိဒုက်ခရောက်ခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရသော ကျွန်တော်တို့သည် များစွာ စိတ်မကောင်းဖြစ်ရသည်။ ဒုက်ခရောက်နေ သောပြည်သူများကို ကူညီရန် စိတ်တူကိုယ်တူ မိတ်ဆွေရင်းများ စေတနာထက်သန်စွာဖြင့် လှူဒါန်းသော ကျပ်သိန်းပေါင်း (၁၀၀)ကျော်ကို မတည်၍ ရှမ်းမြောက်လူငယ် အမည်ဖြင့် လူမှုရေးအသင်းယာယီဖွဲ့ စည်းပြီး ၎င်းဒေသ (ဘိုကလေးမြို့နယ်)သို့ သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခဲ့သော လူမှုရေးလုပ်ငန်းအပေါ်တွင် ကျွန်တော်တို့သည်များစွာ ပီတိ ဖြစ်ခဲ့ရပြီး ဤသို့ ပရဟိတလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် အတွက်ကျပ် သိန်းပေါင်း (၂၀၀)ကျော်ကို ထပ်မံစုစည်းပြီး ၎င်းမှရရှိသော အတိုးများကို လူမှုရေးအကူအညီ လိုအပ်သော ဒေသများသို့ လှူဒါန်းမှုများကို (၂၀၁၀) ခုနှစ် အထိ ဆက်တိုက်လုပ်ဆောင်ခဲ့ကြ ပါသည်။
( ၂၀၁၁)ခုနှစ် ဇန်နဝါရီ (၁)ရက်နေ့တွင် သင်းလုံးကျွတ် အစည်းအဝေးကျင်းပပြီး ပရဟိတ လုပ်ငန်းများကို ပိုမိုထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန် နှင့် လူမျိုးဘာသာ၊ ဆင်းရဲ ချမ်းသာ မရွေး ပါဝင်နိုင်သောအဖွဲ့ အစည်းတစ်ခုဖွဲ့ စည်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ကြောင့် (၂၀၁၁)ခုနှစ်တွင် ရှမ်းမြောက်လူငယ်အသင်းမှ ချယ်ရီမေတ္တာဖောင် ဒေးရှင်းအဖြစ်သို့ ဖွဲ့ စည်းခဲ့ပါသည်။
ချယ်ရီမေတ္တာဖောင်ဒေးရှင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး သွားလာရန် ခက် ခဲသော မြို့နယ်များ အပါအဝင် မြို့နယ်ပေါင်း (၁၀)မြို့နယ်တွင် စက်ခုဒါန အကြိမ်ပေါင်း (၁၃)ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် သာပေါင်းမြို့နယ် ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းမှုပြုခြင်း၊ ပန်းတနော်မြို့နယ် မြတောင်စာသင်တိုက် မြမေတ္တာ ဆေးခန်းအား စက်ခုဒါန အတွက် လှူဒါန်းမှု ပြုခြင်း၊ ဒလမြို့နယ် အ.ထ.က(၁)၊ စာသင်ကျောင်း အား စက်ရေတွင်း ရေစင်လှူဒါန်းမှုပြုခြင်း၊ သိနီ္နမြို့ အင်(န်)ဟဲင်းမိုင် လူမှုကူညီရေးအသင်းအား လူနာတင်ယာဉ် လှူဒါန်းမှုပြုခြင်း၊ လားရှိုး မြို့နယ် သီလရှင်ကျောင်း မြင့်မြတ်သစ္စာ လူမှု ကူညီရေးအသင်းအား လှူဒါန်းမှုပြုခြင်း၊ လှိုင်သာယာမြို့နယ် အောင်ဘုန်းတော်ကြီးသင် စာသင်ကျောင်းအား လှူဒါန်းမှုပြုခြင်း နှင့် ပုဇွန်တောင် မြို့နယ် စက်ဆန်းဂိုဒေါင်ပေါက်ကွဲ မီးလောင်မှုအား လှူဒါန်းမှုပြုခြင်း၊ လောက်ကိုင်စစ်ဘေးရှောင် ဒုက်ခသည်များအား လှူဒါန်းမှုပြုခြင်း၊ စစ်ကိုင်းမြို့ ၊ သီတဂူ ကမ႓ာ့ဗုဒ်ဓတက္ကသိုလ် အတွက် လှူဒါန်းမှုပြုခြင်း၊ ကိုးကန့်ဒေသ စစ်ဘေးရှောင် ဒုက်ခသည်များ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းမှုပြုခြင်း၊ ရွေရှတု တိပိဋက စက်ခုပါလ မျက်စိဆေးရုံအတွက် လှူဒါန်းမှုပြုခြင်း၊ ကောလင်းမြို့နယ်၊ ကန့်ဘလူမြ်ို့နယ်၊ မိုးညိုမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ လေးမျက်နှာမြို့နယ်၊ ကျောင်းကုန်းမြို့နယ် တို့တွင် ရေဘေးကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းမှုပြုခြင်း စသည့် ပရဟိတ လူမှုရေး လုပ်ငန်းများ ကို တက်ြွကစွာ ဆောင်ရွက်ခဲ့ပါသည်။