Cherry Myitta Foundation

ကျွန်ုပ်တို့၏ အကြောင်း

နိဒါန်း

ချယ်ရီမေတ္တာဖောင်ဒေးရှင်းကို စိတ်တူကိုယ်တူ သူငယ်ချင်းရောင်းရင်းတစ်စုမှ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်သင့် ကျေးလက်နေပြည်သူများအား ကူညီမှုမှ အစပြု၍ လူမှုရေးအသင်း အဖွဲ့ တစ်ခုအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ချယ်ရီမေတ္တာဖောင်ဒေးရှင်းသည် ယခုအခါ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စသည့် လူထုအကျိုးပြု ပရဟိတ လုပ်ငန်းများကို စေတနာ သဒ်ဓါတရား ထက်သန်စွာဖြင့် ရှေ့တန်းမှပါဝင် ဆောင်ရွက်နေသော လူမှုရေး အသင်းအဖွဲ့ တစ်ခုအဖြစ် လှုပ်ရှား ဆောင်ရွက်လျက်ရှိပါသည်။


အသင်း၏ ရည်ရွယ်ချက်များ

(က) လောကပါလ တန်ဖိုးများကို မြတ်နိုး၍ လူမှုရေးရာ ပရဟိတလုပ်ငန်းများကို စိတ်ပါဝင်စားသူများဖြင့် အသင်းကို စနစ်တကျ ဖွဲ့စည်းရန်။

(ခ) လူထုအကျိုးပြု လူမှုပရဟိတလုပ်ငန်းများကို စေတနာသဒ်ဓါတရားထက်သန်စွာ ဖြင့် အားသွန်ခွန်စိုက် ပါဝင်လှုပ်ရှားသော လူမှုရေးအသင်းအဖွဲ့တစ်ခုအဖြစ် ဆောင်ရွက်ရန်။

(ဂ) နိုင်ငံတစ်ဝန်းလုံးသို့ ပညာရေး၊ ကျန်းမာရေး ၊လူမှုရေး နှင့် ဖွံ့ ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို လိုအပ်လျှင် လိုအပ်သလို ကူညီပံ့ပိုးဆောင်ရွက်ရန်။

(ဃ) အသင်းဝင်အချင်းချင်း ခိုင်မာသောကွန်ယက်တစ်ခုဖန်တီးတည်ဆောက်၍ အဘက်ဘက်မှ ရိုင်းပင်း ကူညီဆောင်ရွက်ရန်။

(င) ချယ်ရီမေတ္တာဖောင်ဒေးရှင်း အသင်းဝင်များ အသင်းလိုက်ဆောင်ရွက်တတ် သော အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ရန်။

(စ) အသင်းဝင်တစ်ဦးချင်း၏ အရည်အချင်း၊ အသိပညာ နှင့် ကိုယ်ကျင့်တရား (နအ့ငချ) မြင့်မားရင့်ကျက်လာစေရန် လိုအပ်သော အစီအစဉ်များ၊
ဆွေးနွေး ပွဲများနှင့် သင်တန်းများ စီစဉ်ဆောင်ရွက်ရန် (သို့မဟုတ်) ကူညီဆောင်ရွက်ရန်။

(ဆ) ပြည်တွင်းပြည်ပ မိတ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

(ဇ) အသင်း၏ စည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြင့် ရင့်ကျက်ခိုင်မာသော အဖွဲ့အစည်းကြီးတစ်ရပ်အဖြစ် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ရန်။


အသင်း၏ မျှော်မှန်းချက်

လူသည် တစ်ဦးတစ်ယောက်၊ တစ်ဘာသာစီ၊ တစ်ကန့်စီ နေထိုင်၍ ရကောင်းသော သတ္တဝါမျိုး မဟုတ်ပေ၊ အစုအဝေး အသင်းအပင်းဖြင့် နေထိုင်လာခဲ့သည်မှာ လူ့သမိုင်းအစမှ ယနေ့ ထက်တိုင် ဖြစ်ပေသည်။ အစုအဝေး နှင့် နေလာခဲ့သည့် အလျောက် တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီ ခြင်း၊ စောင့်ရှောက်ခြင်း၊ ကူညီဖေးမခြင်း၊ စေတနာထားခြင်း၊ သံယောဇဉ်ရှိခြင်း စသည်တို့သည်လည်း လူရှိနေသ၍ တည်ရှိနေမည့် မြတ်သော လောကပါလတရားများသာ ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် ဤကောင်းမြတ်သော အစဉ်အလာဖြစ်သည့် လောကပါလတရားကိုထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်သည် ကျွန်ုပ်တို့ အသင်း၏ တူညီသော မျှော်မှန်းချက်ဖြစ်ပေ သည်။


အသင်း၏ အနာဂတ်ခရီး

ချယ်ရီမေတ္တာ ဖောင်ဒေးရှင်း အနေဖြင့် နိုင်ငံ တစ်ဝန်းလုံးသို့ စက်ခုဒါန လှူဒါန်းမှုများ၊ စစ်ဘေး ရှောင်ဒုက်ခသည်များအား ကူညီ လှူဒါန်းမှုများ၊ သဘာဝ ဘေးအန္တရာယ်ကျရောက်ရာ ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ကူညီ လှူဒါန်းမှုများ ဆောင်ရွက် ခဲ့ပါသည်။ ယခုအခါ ချယ်ရီမေတ္တာ ဖောင်ဒေး ရှင်းအသင်းမှ နောက်ထပ် ပိုမိုပြည့်စုံသော ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် မျှော်မှန်းချက် များ၊ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များနှင့် ရည်ရွယ်ချက်များကို စနစ်တကျ ချမှတ် အကောင် အထည် ဖေါ်ကာ လောကပါလတရား လက်ကိုင်ထား၍ ပရိဟ ခရီးရှည်ကြီးကို စတင်လျှောက်လှမ်း ကြရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါသည်။
သို့ဖြစ်ရာ ကျွန်တော်များ ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းမှ လူလူချင်း တစ်ဦးအပေါ် တစ်ဦး မေတ္တာ စေတနာ ထားနိုင်ရန်နှင့် ရိုင်းပင်း ကူညီ စောင့်ရှောက်ရန် ဟူသည့် မျှော်မှန်းချက်များ ထား၍ မြန်မာနိုင်ငံ တစ်ဝန်းလုံး လူမျိုးဘာသာမရွေး၊ တောင်ပေါ် မြေပြန့်မခွဲခြားဘဲ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နှင့် ဖွံ့ ဖြိုး တိုးတက်မှု လိုအပ်   နေသော ဒေသများသို့ ခရီး  နီးနီး ဝေဝေး ၊ အချိန်နှင့် တစ်ပြေးညီ သွားရောက် ကူညီ ဆောင်ရွက်ပေးရန် ချယ်ရီမေတ္တာ ဖောင်ဒေးရှင်း အသင်းဝင် များအားလုံးက သနိ္နဌာန် ချမှတ်ထားပြီး  ဖြစ်ပါသည်။


ကျွန်ုပ်တို့ဖော်ဆောင်ကြမည့် လုပ်ငန်းတာဝန်

ချယ်ရီမေတ္တာဖောင်ဒေးရှင်း၏ ထီးရိပ်အောက်တွင် စုစည်း၍ လောကပါလတရား၏ စစ်မှန် သော တန်ဖိုးများကို ကျွန်ုပ်တို့ ဖော်ဆောင်ကြရမည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့ ဖော်ဆောင်ကြရမည့် လုပ်ငန်းတာဝန်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ လူမျိုးမရွေး၊ ဘာသာမရွေး၊ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုလိုအပ်နေသော ဒေသများသို့ ခရီးနီးနီးဝေးဝေး အချိန်နှင့် တစ်ပြေးညီ သွားရောက်၍ မေတ္တာရှေ့ထား ကူညီထောက်ပံ့ရေးပင် ဖြစ်ပေသည်။